တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးကသာ မလွဲမသွေပြောင်းလဲရမယ့် လုပ်ငန်းရပ်တစ်ခုဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က မှာယူခဲ့တဲ့ မီးရထားများပြည်ပမှရောက်ရှိလာစဉ်  အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြန်နှုန်းမြှင့်ပြီး မောင်းနိုင်ဖို့ လုပ်ဆောင်သင့်ကြောင်း လည်းပြောကြားလိုက်ပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်)

မင်းအောင်လှိုင်က မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်)မှာ ပြည်ပက ဝယ်ယူထားတဲ့ ရထားတွဲဆိုင်းသစ်တွေကိုလာရောက်ကြည့်ရှုစဉ်မှာ ပြောကြားလိုက်တာပါ။

အဆိုပါ ရထားတွဲဆိုင်းတွေဟာ ဂျပန်ချေးငွေနဲ့ အရပ်သားအစိုးရလက်ထက်ကမှာယူခဲ့တာဖြစ်ပြီး အခု ၂၀၂၄ စက်တင်ဘာ အစောပိုင်းမှာ မြန်မာပြည်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ရန်ကုန်မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက ပြေးဆွဲရန် စပိန်နိုင်ငံထုတ် DEMU ရထားစင်းရေ ၃၀ ရောက်ရှိနေတာဖြစ်ပါတယ်။

စပိန်နိုင်ငံထုတ် DEMU ရထားစင်း‌ရေ ၃၀ အနက် ၁၁ စင်းကို မြို့ပတ်အဖြစ်ပြေးဆွဲရန် လျာထားပြီး၊ ၁၉ စင်းကို အမြန်လမ်းပိုင်း၌ ပြေးဆွဲရန် စီစဉ်ထားတာပါ။

ဒါ့အပြင် ရန်ကုန်မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန် ဒေါ်လာ၂ ဒသမ ၇ ဘီလီယံသုံးစွဲ၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံ ကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားရန် ကနဦးလျာထားပေမယ့် ချေးငွေတွေ ဆက်လက် မရရှိလို့ စီမံကိန်းဟာလည်း ရပ်နားထားရပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ RFA)
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှအတွင်း ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထား

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု လူမျိုးရေး မုန်းတီးလှုံ့ဆော်နေသည်ဟု တော်လှန်ရေးအသိုင်းအဝိုင်း သတိပေး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်း​က အဆက်မပြတ်ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။