ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ပြုလုပ်တဲ့ အဲဒီသင်တန်းဆင်းပွဲမှာ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်မြတ် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး လူမျိုးရေး ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
သင်တန်းဆင်း ရဲဘော်တွေအနေနဲ့ သူတို့ဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ အဓိက ရှမ်းပြည်နယ်တောင်ပိုင်းက တပ်ဖွဲ့တွေဆီမှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – CJ
0 Shares:
You May Also Like
Read More

နည်းလမ်းမျိုးစုံဖြင့် အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းအင်အားများအတွက် အကြမ်းဖက်စစ်တပ်က သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနေ

မတရား စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားတွေ အရှိန်အဟုန်မပြတ် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။