မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ ကျောင်းရွာ ကျေးရွာက ရော်ဘာခြံတွေထဲမှာ ၅၈၃ တပ်က အင်အား ၁၀ ယောက်ကျော်ပါတဲ့အဖွဲ့ ကင်းပုန်းဝပ်ချိန်မှာ ရေးဘီလူးအဖွဲ့ကနေ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ဖြစ်စဉ်မှာ ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နဲ့ ကျောင်းရွာကို ဖြတ်သန်းသွားလာတဲ့လမ်းကို စစ်ဆေးချိန်မှာ အဆိုပါ လက်နက်ကြီး သင်တန်းဆင်း ရဲမေ ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တာကြောင့် အဲဒီရဲမေကို ကျန်တဲ့အဖွဲ့ရှိရာ နေရာကို လိုက်လံပြသခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီရဲမေရဲ့ လိုက်လံပြသမှုကြောင့် ကျန်အဖွဲ့တွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို သိရှိရပြီးနောက်မှာတော့ ရေးဘီလူးအဖွဲ့ကနေ လက်ဦးမှုရယူကာ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

သူတို့တွေက ဒီ ၅၈၃ တပ်အပြင် အနီးအနားက ရော်ဘာခြံတွေမှာ သူတို့က ခြံပိုင်ရှင်တွေကို မောင်းထုတ်ပြီး ခြံသမား ယောင်ဆောင်နေတာပေါ့နော်။ အရပ်ဝတ်တွေနဲ့။ အဲ့နေရာတွေက သူတို့ လူရင်းတွေလောက်ပဲ သိတယ်။ တော်ရုံလူတွေ မသိဘူး။ တိုက်ပွဲမှာက ကျနော်တို့ လက်ဦးမှု ရပါတယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာပဲ ရဲမေက ထွက်ပြေးတော့ သူလည်းထိသွားပြီး ပွဲချင်းပြီးသေတာပေါ့နော်။ ရဲမေအပါအဝင် တပ်သား ၄ ဦး ဆိုတော့ ပေါင်း ၅ ဦး သေတာပါလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်အပြီးမှာတော့ ရေးဘီလူးအဖွဲ့က ရဲဘော်တစ်ယောက် ခြေထောက် ထိမှန်ဒဏ်ရာရသွားပြီး ကင်းပုန်းဝပ်နေတဲ့အဖွဲ့ထဲမှ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကတော့ သူတို့ရဲ့သေဆုံးသွားတဲ့ စစ်သားအလောင်းတွေနဲ့ လက်နက်တွေကို ကောက်ယူကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြီးတိုက်ပွဲကတော့ နည်းနည်းလေး ပြင်းထန်ပါတယ်။ အလောင်းတွေကတော့ ရေးက ဆေးရုံကြီး သေတိုက်ကို မနေ့ကတည်းက ရောက်နေပါပြီ။ ကျနော်တို့ဘက်က ထိသွားတဲ့ ရဲဘော်လည်း အချိန်မီ ဆေးကုသနိုင်သွားလို့ ခြေထောက်တော့ မဖြတ်ရတော့ပါဘူး။ ဒဏ်ရာတော့ ပြင်းပါတယ်။ ခြေသလုံရိုး ကျိုးသွားတာပါ။ ပြီးတော့ ပစ်ခတ်မှုအတွင်းမှာ သူတို့ဘက်က ကျည်ကြောင့် ပြည်သူတွေလည်း ထိခိုက်မှုရှိပါတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ ရေးဘီလူး)
0 Shares:
You May Also Like
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော

စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အပြည့်အ၀ ထောက်ခံယုံကြည်မှုတွေ ရရှိထားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို AA တိုက်ခိုက်၊ စစ်သား ၂၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။