ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ ထိပ်တန်းသံတမန်တွေရဲ့  မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေထဲကနေ RCSS က ပထမဆုံး ထုတ်ပြန်ပြောဆိုတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့  NCA မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS အဖွဲ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။

RCSS အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ မရှိသလောက် နည်းပါးတဲ့ ရှမ်းတော်လှန်ရေးအင်အားစု အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အောက်တိုဘာ ၃ ရက်ကနေ  ၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေ အများစု တက်ရောက်ခဲ့တယ်လို့လည်း RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲကို NUG နဲ့ လက်ရှိစစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အတည်မပြုနိုင်သေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တခြားသောတော်လှန်ရေးအင်အားစုတွေကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲဟာ အာဆီယံအစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုမှာ ရုတ်တရက်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာက ထိပ်သီးသံတမန်တချို့ တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ထိပ်တန်းသံတမန်တွေ၏ မြန်မာ့အရေး ဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Tai Freedom – Shan Version Facebook စာမျက်နှာမှ ဓာတ်ပုံ)
0 Shares:
You May Also Like
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ 
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်ကို မင်းအောင်လှိုင်လာမည်ဟု ထိုင်းနိုင်ငံခြားရေး အတည်ပြု 

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ 
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။