မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ်ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ မနေ့က အောက်တိုဘာ ၇ရက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ကရင်ထာဝရ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ စီးပွါးရေးတာဝန်ခံ နိုင်မင်းမင်းဇော်နဲ့ နောက်ထပ် မောင်မောင်သွင် ခေါ် ကျော်ကြီး ဆိုသူဟာ ပစ္စတိုနဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီး ချက်ချင်း သူတို့စီးလာတဲ့ Honda Fid ကား နံ့သာရောင်နဲ့ ထွက်ပြေးသွားတာ။ ရဲကတော့ ဘယ်ရင်အုံကို သေနတ်ထိမှန်ထားပြီး ကျန်ခဲ့တယ်”လို့ ဖြစ်စဉ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။
“သူတို့က အလိုတူအလိုပါတွေပဲ။ စီးပွားရေးလုပ်သူနဲ့ လိုင်းကြေးယူတဲ့သူတွေပဲ။ အခုအချိန်ကာလမှာ လက်နက်ကိုင်ထားတဲ့သူဆိုရင် အကုန်ကြောက်နေရတာလေ။ တခြားသူသာဆိုရင် ဘယ်လွယ်မလဲ။ သေနတ်ရှိတဲ့သူ အချင်းချင်းဖြစ်တာဆိုတော့ ရဲတွေက လိုက်မဖမ်းရဲဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်
သေနတ်ပစ်ခတ်မှုပြီးလို့ မကြာခင်မှာပဲ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စစ်တပ် ရောက်လာပြီး ဖြစ်စဉ်ဖြစ်ပွါးရာ နေရာတဝိုက်က ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်အခွံကို သက်သေအဖြစ် ကောက်ယူသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ပစ်ခတ်မှု ဖြစ်ပွါးရာ နေအိမ်
ဓာတ်ပုံ – SAC
0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Read More

ကန့်ဘလူနှင့် ကျွန်းလှတွင် ဝါသဝလက်ပါးစေ ပျူစောထီးများ စစ်မှုထမ်းအကြောင်းပြ လူဖမ်း၊ ငွေညှစ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝလက်အောက်ခံ ပျူစောထီးတွေက အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးကာ ဆိုးဆိုးရွားရွား ငွေညှစ်တာတွေ လုပ်ဆောင်နေကြတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။