ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်းစစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ခိုင်းတဲ့ရွာ၇ရွာဟာကျွဲသလင်း၊ဂွေးကိုင်း၊ကြောင်ဖြူကွင်း၊ပျဉ်းတောကြီး၊ရပ်သာ၊ကြပ်ရွာနဲ့နေကာရွာသစ်တို့ဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အမ်းမြို့နယ်ထဲက ကျေးရွာတွေပါ။ အကြမ်းဖက်စစ်တပ်က ချက်ချင်းရွှေ့ရမယ်။ လေယာဥ်နဲ့ ဗုံးကြဲမယ်ဆိုပြီးခြိမ်းခြောက်လို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေကို သွားရောက်ကူညီပေးနေသူ တစ်ယောက်က မောင်းကို ပြောပြပါတယ်။

လက်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေက မယ်တောင်အနီးက ရွာတွေပါ။ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာဖြစ်ပြီး ရခိုင်တိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသား အများစု နေထိုင်ကြပါတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ် ဂွမြို့နဲ့ အမ်းမြို့ ဒေသတွေကို မေပြင်ထိုးစစ် မဆင်နိုင်တာကြောင့် နေ့စဉ်ဆိုသလို လေကြောင်းဗုံးကြဲမှု ပြုလုပ်နေပြီး ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အမ်းမြို့နယ်သတင်း Facebook Page)
0 Shares:
You May Also Like
Read More

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ရဲဘော်တွေကို တပ်သားကုဒ်နဲ့ တာဝန်တွေ ခန့်အပ်​​ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။