အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။

လက်နက်ထုတ်လုပ်ရေးကို ထိရောက်တဲ့ လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သမျှ အစွမ်းကုန်ကြိုးစားနေကြပြီး နွေဦးတော်လှန်‌ရေးကြီး ပြီးဆုံးဖို့အတွက် ရဲဘော်တွေက အားသွန်းခွန်စိုက်လုပ်ဆောင်ပုံဖော်လျက်ရှိတယ်လို့ သိရပါတယ်။

လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုထိရောက်စွာ အကောင်ထည်ဖော်နိုင်ဖို့ ပြည်သူတွေရဲ့
ထောက်ပို့အား လိုအပ်ချက်ရှိတဲ့အတွက် ပြည်သူများ လှူဒါန်းပေးဖို့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်လာသည့် စစ်သား ၃ ဦးကို ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

စစ်ဆင်ရေးများမှ ပြန်လည်ရောက်ရှိလာသည့် အရှိုချင်းကာကွယ်ရေးတပ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲဘော်တွေကို နောက်တန်းမှာ ကျန်ရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ACDF က ထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။