NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။

ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက သွေးကင်ဆာရောဂါ ဝေဒနာကို ခံစားနေခဲ့ရတာပါ။ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားရာကနေ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာပြီး ဆေးရုံကြီးမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ခါနီးမှ အာဏာသိမ်းစစ်တပ်ကဆေးရုံကိုလာပြီး လွတ်ငြိမ်းချမ်းသာခွင့်စာ ဖတ်ပြခဲ့ပါသေးတယ်။

မန္တလေး ဆေးတက္ကသိုလ်မှာ ပညာသင်ယူပြီး ၁၉၇၉ ခုနှစ်မှာ ဆရာဝန်ဘွဲ့ရခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သူပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ် NLD ကိုယ်စားပြု ပါဝင်ခဲ့တဲ့ သူ့ကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ၁၉ နှစ် ထောင်ထဲမှာ နေခဲ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လေးထပ်ကွမ်း ရွေးကောက်ပွဲအနိုင်ရသူလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကစလို့ NLD အစိုးရလက်ထက်မှာ ပြည်သူတွေချစ်ကြတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းဖမ်းဆီး ထောင်ဒဏ် ၂၉ နှစ် ထပ်မံချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ်က မန္တလေးတိုင်း အမရပူရမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နှစ်ပေါင်း ၂၂ နှစ် သူ့ဘဝကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ AFP)
0 Shares:
You May Also Like
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။