ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား () ယောက် သေဆုံးခဲ့ပြီး () ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာလ () ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ခမရ၃၀၇ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ လှေဒုံးရွာ ဘုန်းကြီးကျောင်းရှေ့နဲ့ ဘောလုံးကွင်းတို့မှာ ကျရောက်ပေါက်ကွဲခဲ့သလို တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်းကိုလည်း အဲ့ဒီစစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး () လုံး ကြဲ ချခဲ့ရာ ကျေးရွာနေ (၅၅) နှစ်အရွယ် အမျိုးသမီး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

ရွှေကျင်မြို့နယ်အတွင်းမှာလည်း အောက်တိုဘာလ () ရက်က အင်ဂနီကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ် ခလရ၅၇၊ ခမရ၃၅၀၊ ခမရ၃၄၉ ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်ဂနီ ကျေးရွာအတွင်းကို နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်တဲ့ (၂၃) နှစ် အမျိုးသမီး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၃၀) ရက် ညနေပိုင်းမှာ ကျောက်တံခါးမြို့ပေါ် ဈေးသွားဝယ်တဲ့ သမင်အင်ကုန်းရွာသားတွေဖြစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး () ယောက်တို့ကို ကျောက်တံခါးရဲတပ်ဖွဲ့ရဲ့ အမာခံသတင်းပေးက ကျောက်တံခါး ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းမှုတွေ ပြီးဆုံးပြီးနောက် အမျိုးသားကို ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ () ရက်မှာ ပြန်လာဖို့ ရက်ချိန်းခေါ်ခဲ့ပြီး ရက်ချိန်းပြန်သွားချိန်မှာ ဒဏ်ငွေ () သိန်းပေးဆောင်ဖို့ တောင်းဆိုခဲ့ပြီးနောက် အမျိုးသမီးကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးဝါးကုသမှုပေး… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောပြီး အခမဲ့ဆေးဝါးကုသမှုပေးကာ အလှူရှင်တွေကိုယ်စား အလှူငွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအား တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးနေသည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားကာ သူတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အ‌ပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်‌ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။