စစ်ကောင်စီရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ကွယ်လွန်ခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အတုယူစရာ၊ မော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းတစ်ယောက်အဖြစ်  ဝမ်းနည်းစွာနဲ့ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

အပြစ်မဲ့ နှစ်ရှည်ထောင်ဒဏ် (၂၉)နှစ်အထိ ချမှတ်ခြင်း ခံခဲ့ရပြီး ကင်ဆာရောဂါခံစားနေရမှန်း သိလျက်နဲ့ ရောဂါအခြေအနေနဲ့ ကိုက်ညီလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ NUG က ဒီနေ့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ  ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ ပြည်သူနဲ့အတူ၊ တခြားသောဒီမိုကရေစီအင်အားစုတွေနဲ့အတူ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်တဲ့ကာလကစပြီး ကွယ်လွန်ချိန်အထိ ဒီမိုကရေစီအရေးလှုပ်ရှားမှု ခရီးလမ်းတလျှောက် တစိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

(ဓာတ်ပုံ – Nay Myo Lin’s Facebook)

ပါတီတွင်း ပါတီပြင်ပ ညီညွတ်ရေးနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ NLD အစိုးရရဲ့ ပထမဆုံး အစိုးရသက်တမ်း (၂၀၁၆၂၀၂၁) ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရင်း မန္တလေးမြို့နေ ပြည်သူတွေရဲ့ လူမှုစီးပွါးဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နေ့မအား ညမနား လုပ်ဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်လည်း ဖြစ်တယ်လို့ NUG ကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်တဲ့အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်းကတိသစ္စာပြုကြောင်း ‌NUG က ထုတ်ပြန်ပါတယ်။

မတရားတဲ့ အမှုတွေနဲ့ နှစ်ရှည် ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့  အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ  ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ()ရက်၊ မနက် () နာရီအချိန် မန္တလေးဆေးရုံကြီးမှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရပြီး မကွယ်လွန်မီ ရက်ပိုင်းအလိုရောက်မှ အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

ဈာပနမှာ သတင်းလာမေးတဲ့ စကစ မန္တလေးတိုင်း​ဝန်ကြီးချုပ်နဲ့ အဖွဲ့ (ဓာတ်ပုံ – Nay Myo Lin’s Facebook)
0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။