တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
အဲဒီလူ ၉ ယောက်ကို မနေ့က အောက်တိုဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ အဖွဲ့၀င် ၇ ယောက်ပါတဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ အဖွဲ့ကို သန်းခေါင်စာရင်းကောက်ယူပြီး အပြန်မှာ PDF တွေက ဖမ်းဆီးသွားတယ်လို့ ထုတ်ပြန်ထားတာပါ။
“ကျနော်တို့ ဖမ်းထားတာ ၉ ဦးပါ။ တချို့ကသန်းခေါင်စာရင်း ကောက်ဖို့ အသွားမှာ ဖမ်းတာပါ။ ရှေ့ရက်တွေကလည်း သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါ၀င်ခဲ့သူတွေပါ။ လက်ရှိ ကျနော်တို့ စစ်ဆေးချက်တွေ ယူထားပြီးဖြစ်တယ်။ ဆက်ပြီးတော့အုပ်ချုပ်ရေးအပိုင်းကနေ လမ်းညွှန်မှုအတိုင်း ဆက်လုပ်သွားပါမယ်။ လက်ရှိမှာတော့ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားပါတယ်။ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်မပြုထားသေးပါဘူး။” လို့ လောင်းလုံး ပကဖ သတင်းပြန်ကြားရေး တာ၀န်ခံက မောင်းကို ပြောပါတယ်။
လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ သူတို့အဖွဲ့အနေနဲ့ စစ်ကောက်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ့်အကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
သူကပဲ ဆက်လက်ပြီး “အခုဆရာမတွေကို ဖမ်းဆီးတဲ့ကိစ္စမှာ ကျနော်တို့က Non CDMမို့လို့ ဖမ်းတာမဟုတ်ဘူး။ စစ်ကောင်စီက လုပ်ဖို့ကြံ‌စည်နေတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်နေတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်။” လို့ ဖမ်းဆီးရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း ကောက်ယူသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။