အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် () အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

အခမ်းအနားမှာ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ အကောင်းဆုံးသင်တန်းသားထူးချွန်ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းပကဖရဲဘော်တွေ သစ္စာရေသောက်ခြင်း၊ ချီတက်အလေးပြုခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ်() အခြေခံစစ်သင်တန်းကို တပ်ဖွဲ့၄ တာဝန်ခံ ရဲဘော်မောင်ပေါက်ရဲ့ ဦးဆောင်မှုနဲ့ ဇွန်လ ၁၁ ရက်က စတင်ကာ သင်တန်းသား ရဲဘော်၊ ရဲမေ စုစုပေါင်း အယောက် ၄၀ ကို ၃ လကြာ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပကဖအသံ)

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကိုတောင် အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ NUG ထုတ်ပြန်ကြေညာ…

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်ခါနီးလာတာနဲ့အမျှ နိုင်ငံရဲ့ ၃ပုံ ၁ပုံကိုတောင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) ကနေ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။