ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် () စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပင်နီစစ်ကြောင်းလို့ ဒေသခံလူထုတွေ ခေါ်ဝေါ်ကြတဲ့ အမှတ် ၈ စစ်ကြောင်းဟာ လုံခြုံရေးကိုအထူးပြုပြီး စံပြစည်းမျဥ်းတွေနဲ့အတူ လျှို့ဝှက်သိုသိပ်စွာစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ကြသလို ကျေးလက် မြို့ပြမှာပါ အကြမ်းဖက်စစ်ကောင်စီတပ်ကို ထိုးနှက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၈ စစ်ကြောင်းအနေနဲ့ အချို့စစ်ဆင်ရေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြမှုတွေ မရှိခဲ့ဘဲ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အမှတ် ၈၊ စစ်ကြောင်း)

0 Shares:
You May Also Like
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။