ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့၊ ညအစောပိုင်းအချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးတွေနဲ့အတူ ရပ်ကွက်အလှူခံမဏ္ဍပ်မှာ ရှိနေချိန် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ ကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ဘူး။ အစ်ကိုတို့ဘက်က သေနတ်က ဂျန့်ဖြစ်သွားတော့ သူ့ဘေးက ပျူစောထီးတွေက ၀င်လုံးပြီး၊ ထိုးကြိတ်မှုဖြစ်တာ။ အကိုတို့ဘက်က ရဲဘော်တွေလည်း ဒူးတို့ ခြေထောက်တို့ လေ၀င်တာဖြစ်သွားတယ်။ ဒါပေမယ့် အန္တရာယ်တော့ ကင်းပါတယ်။ လုံခြုံရာ ပြန်ရောက်ပါပြီ။လို့ ၃၆၀၁ PPDFတပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးမှာ ပေါင်နဲ့ ဆီးစပ်ထိမှန်သွားပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားကာ သေဆုံးခြင်းရှိ၊ မရှိကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူး မင်းသွင်ဆိုသူဟာ စစ်ထွက်ဖြစ်ပြီး စစ်ကောင်စီ အလိုကျ သန်းခေါ်စာရင်းနဲ့ စစ်မှုထမ်း ကိစ္စတွေမှာ အားတက်သရော လိုက်ပါဆောင်ရွက်နေသူ ဖြစ်တာကြောင့် အခုလို သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ အနေနဲ့ သန်းခေါင်စာရင်းကောက်ယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်း‌တွေကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား အရေးယူဆောင်ရွက်နေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူး မင်းသွင် (ဓာတ်ပုံ PPDF 3601)
0 Shares:
You May Also Like
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

တပ်ပျက်ပြီး ဆုတ်ပြေးသွားသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ကျန်ရစ်ခဲ့သည့် သေဆုံးစစ်သားအလောင်းများအား တော်လှန်ရေးတပ်များက ခက်ခက်ခဲခဲ မီးရှို့ သဂြိုလ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။
Read More

ရေဦးမြို့ အနောက်ဘက် စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးပါ ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။
Read More

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဇေကမ္ဘာဦးခင်ရွှေ ပြန်လည်လွတ်မြောက်လာ

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့က  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ်မတ်လက သားဖြစ်သူ ဇေသီဟနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ ၂နှစ်ကျော်အကြာ အကျဉ်းထောင်မှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။