ကရင်ပြည်နယ်က ကော့ကရိတ်မြဝတီ အာရှလမ်းမကြီးကို ထိန်ချုပ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနေတာကြောင့် စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်မှုတွေ သိပ်မလုပ်နိုင်တော့ဘဲ သူတို့ရဲ့ စခန်းဟောင်းတွေဆီ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေကြောင်းကနေ ပို့ဆောင်ပေးကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဖွဲ့စည်းပုံပျက်ပြီး ပြန်ဆုတ်ခွာပြေးသွားခဲ့ပြီးနောက်  ဒေသတွင်းရှိတဲ့ BGF တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ထပ်လုပ်လာနေခဲ့တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းဟောင်းတွေကို လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းလာနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့က ၂၇၅ တပ်ရင်းနဲ့ လေ့ကေကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်း ခေါ် အမြှောက်ကုန်းကိုလည်း Y12 လေယာဥ်တွေနဲ့ လာရောက်ကာ စစ်သားအင်အား၊ လက်နက်နဲ့ ရိက္ခာတွေ နေ့စဥ်ဆိုသလို ဖြည့်တင်းလာနေပြီး ကော့ကရိတ်မြို့ပေါ်ကိုလည်း အကြမ်းဖက်စစ်သား အင်အားတွေ ပို့ဆောင်ပေးနေတယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၅ရက်နေ့တုန်းကလည်း လေ့ကေကော်မြို့သစ်က အရပ်သားပစ်မှတ်တွေကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ကော့ကရိတ်နယ်မြေအတွင်း လှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုအတွင်း စစ်ကောင်စီတပ်က ၅ ဦးသေပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးကာ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ - လျှပ်စီးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကင်းလှည့်ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါ စစ်သား ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာမှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။