စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုကနေ NUG ရဲ့ စုဖွဲ့မှုအောက်ကို ပြောင်းလဲဝင်ရောက်လာတာဖြစ်ပြီး  NUG ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအောက်ကနေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး ဌာန၊ အမှတ် ()စစ်ဒေသ ကွပ်ကဲမှုအောက်က ရွှေဘိုခရိုင် တပ်ရင်း () ရဲ့ တပ်ခွဲ () မှာ အရံတပ်စု () အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခြားသောတော်လှန်ရေးအင်အားစုတွေနဲ့လည်း စစ်အာဏာရှင်ကို အပြီးသတ် ချေမှုန်းရေး လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

မဟူရာရွှေဘိုသားတပ်ဖွဲ့ဟာ ရွှေဘိုအခြေစိုက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲကြီးတိုက်ပွဲငယ်အချို့မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း အကူအညီတွေ ပေးအပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

မဟူရာရွှေဘိုသားအဖွဲ့၏ ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ မဟူရာရွှေဘိုသား Facebook Page)
0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုက မြို့မရဲစခန်းနဲ့ ကပ်လျက်ရှိတဲ့ စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့က လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပါဝင်ကူညီနေတဲ့ စစ်မှုထမ်းဟောင်းရုံးကို အဝေးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းထံက သိရပါတယ်။ 
Read More

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှုး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖ ရဲဘော်များ တွေ့ဆုံ… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။