စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၅ ရက် နေ့လည်ပိုင်းမှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ Mi 35 တိုက်လေယာဉ်၂စီးနဲ့ဒီပဲယင်းမြို့ပတ်ချာလည်ကိုဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

ဒီပဲယင်း၊  မြို့မရပ်ကွက်၊ တောင်ပြင်ရပ်ကွက်တို့နဲ့  ကံပြားရွာကို ပစ်ခတ်သွားတယ်။ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာများတယ်။လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကမောင်းကိုပြောပါတယ်။

တဆက်တည်းမှာပဲ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဟာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ Yak-130 ဖိုက်တာလေယာဉ်နဲ့ ဒီပဲယင်းမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၁လုံး ကြဲချခဲ့ပြီးနောက် ရေဦးမြို့နယ်အနောက်ခြမ်းက တင်းတိမ်ရံရွာကိုလည်း ပေါင်၅၀၀ ဗုံး ၁လုံး ထပ်မံ ကြဲချ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ကိုထူးခန့်ဇော်က ဆက်လက်ပြီးနောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တင်းတိမ်ရံရွာ စျေးအနီးမှာနေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး  တစ်ဦးဒဏ်ရာရရှိခဲ့တယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လေကြောင်းတိုက်ခိုက်နေတာပါလို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရေဦးနယ်အနောက်ခြမ်းက မစိုးရိမ်ရွာ၊ တင်းတိမ်ရံရွာ၊ ရွာမရွာ၊ ရှော်ဖြူရွာတို့က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ပအဖက နှစ်သစ်မှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့ စစ်မှုထမ်းမဲပေါက်လို့ ထွက်ပြေးလာသူတွေကို ကူညီထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ အဖွဲ့က ၂၀၂၅ နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေတဲ့ မကွေးတိုင်း‌၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ပြုလုပ်ထားသူတွေနဲ့ စစ်မှုထမ်းမဲပေါက်တာကြောင့် ထွက်ပြေးလာသူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။