စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို အင်တာနက် အခက်အခဲကြောင့် ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မဒေါင်းလှပျူရွာက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ရွှေဘိုခရိုင် စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီသုံ့ပန်းထဲမှာ DPLA မှ ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူ ပြန်လည်တွေ့ဆုံ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖမ်းဆီးမိတဲ့ စစ်‌ကောင်စီတပ်သားတွေထဲမှာ DPLAတပ်ဖွဲ့ဝင်ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးများ ဖမ်းမိကြောင်း CDF – Hakha ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိကြောင်း Chinland Defense Force-Hakha က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

YE-U Freedom Comrades မှ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းလွှတ်တင်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ စစ်တပ်ငြင်းဆိုမှုအတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းတောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ ငြင်းဆိုခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းက တောင်းဆိုခဲ့ ပါတယ်။