ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
အဲဒီ စစ်သုံ့ပန်း ဗိုလ်ကြီးရဲ့ ပြောကြားမှုကို မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း (Battalion of Budalin-BOV) က ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့ကို ပြန်လာတဲ့ အင်အား (၈၅) ယောက်ပါ စစ်ကောင်စီ စစ်ကြောင်းကိုတော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၄၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိလာသည့် တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်း‌‌ဟောင်းပေါ် ရောက်ရှိနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံတစ်ခုကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက လူမှုကွန်ရက်ကတဆင့် “အမြန်လမ်းပေါ်မှာ တွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့အတူ ဒီနေ့ သြဂုတ် ၂၆ ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

ကမ္မမြို့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် ၆နှစ်အရွယ် ကလေးငယ်အပါ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက စတင်ပြီး တွင်းငယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။