၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့  အသံအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီလက်လွှတ်ထားရတဲ့ နယ်မြေတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်အများစုမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အဓိက ဖြတ်တောက်ထားခြင်းခံရတာလို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့ကိုလည်း စစ်ကောင်စီက ဖုန်းလိုင်းတွေ ပြန်လည်ဖြတ်တောက်ထားခြင်း ခံရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ဒေသအချို့မှာတော့တိုက်ပွဲများပြန်လည်ငြိမ်သက်သွားပါကစစ်ကောင်စီပိုင် Mytel ဖုန်းလိုင်းတစ်ခုသာ ရရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအများစုမှတော့ ပြင်ပကဂြိုလ်တုဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းတွေကို အဓိက အားထားအသုံးပြုနေရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ AFP)
0 Shares:
You May Also Like
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ညောင်လေးပင်မြို့နယ်တွင် ကျေးလက်ဆေးပေးခန်းကို ဝင်ရောက်ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦး မျက်မြင်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးခိုးယူနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် မျက်မြင် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၇၀၃ တပ်ရင်း (Fire Dragon) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ယာယီတပ်စွဲထားသည့် နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ​၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ယာယီတပ်စွဲထားတဲ့ နေရာ ၂ ခုကို လက်နက်ကြီးတွေနဲ့ တ​ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုအဖွဲ့ဝင်၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Phoenix D F သတင်းနှင့် ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနေ 

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။