တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ကရင်၊ မွန်၊ ပဲခူး နယ်မြေတွေပါဝင်တဲ့ တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ အခုလို ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၂ယောက်သေဆုံးကာ ကလေးငယ် ၄ ယောက် အပါအဝင် ၇ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် () အတွက် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းနဲ့ ခြိမ်းခြောက်ငွေညှစ်ခြင်းတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ ၈၇ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လမ်းသွားလမ်းလာတွေကိုသာမက စက်ရုံအလုပ်သမားတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုထမ်းစာရင်းထဲပါတဲ့ လူငယ် ရှိမနေရင် များပြားတဲ့ ငွေပမာဏတောင်းခြင်းတို့ကို အတင်းအကြပ်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ PDF Southern Military Region)
0 Shares:
You May Also Like
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်၊ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ… ဘီးလင်းက မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။