မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
ရေဘေးသင့် ကျေးရွာအတွက် ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၃)က ငွေကျပ် ၁၈၄ သိန်း ထောက်ပံ့ ပေးခဲ့တာပဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံရဲ့ ချိတ်ဆက်မှုနဲ့ မြို့နယ် ရပ်ကျေး အုပ်ချုပ် ရေးမှူးတွေ၊ ကျန်းမာရေး အဖွဲ့ဝင်တွေကတဆင့် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ရေဘေးဒဏ်ခံစားနေရတဲ့ အဲဒီကျေးရွာအတွက် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၁ သိန်း နှုန်း နဲ့ အိမ်ထောင်စု ၁၈၄ ခုစာ ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၁ ယောက်ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးကို ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ

နေပြည်တော်မှာနေထိုင်သူ အမျိုးသမီးတစ်ယောက်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။