မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်းနဲ့ ကျောက်ထုမြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၅ ရက်၊ မနေ့က တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ဗုံးသီးချတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဂန့်ဂေါခရိုင်ထဲက ကျေးရွာတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ရေရှင်မကျေးရွာ၊ ဗျူးပွိုင့်နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်းခုံသာရွာသား ၁ ယောက် ဦးခေါင်းပြတ် သေဆုံးခဲ့ရပါတယ်။

ဂျက်ဖိုက်တာနဲ့ ဗုံး၅လုံးကို ၂ခါခွဲ ကြဲသွားတာပါ။ ရေရှင်မ ရွာထဲလည်း ဗုံးစတွေ မှန်တယ်လို့ ပြောကြတယ်။ အခြားလူတွေ ထပ်ပြီး ထိခိုက်တာမျိုးတော့ မရှိပါဘူး။ အဲ့ရေရှင်မရွာ ရှုခင်းသာနား(ဘုရားရင်ပြင်) ကို ရောက်နေတဲ့အမျိုးသားပဲ ဗုံးစမှန်ပြီးသေခဲ့တာပါ။ ဓားမ,လေး ခါးနောက်ချပ်လို့ သေသွားတာ။ တောသူတောင်သား အပြစ်မဲ့အရပ်သားပါဗျာ။ နောက်ပြီးမီးတိုင်တွေလည်းလဲတယ်လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

အလားတူ ထီးလင်းမြို့နယ်၊ ကျင်းမြောက်ကျေးရွာကိုလည်း တိုက်ပွဲလုံးဝမရှိဘဲ အကြောင်းမဲ့ ဗုံး ၄ လုံး ကြဲခဲ့တဲ့အတွက် ဆိုင်ကယ်ပြင်ဆိုင်ရောက်နေတဲ့ အမျိုးသား ၄ ယောက် နေရာတင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အမျိုးသမီးမှာလည်း ထပ်မံသေဆုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ  စက်လက်သေနတ်နဲ့ပါ ပစ်ခတ်သွားတာကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ယောအလင်းတန်းက ပြောပါတယ်။

ကြည့်ရတာတော့ ပေါင် ၅၀၀ ဖြစ်မလားပဲ။ ၄ လုံး ကြဲတာ ၃ လုံး ကွဲပြီး ၅ ယောက် သေတယ်။ တောင်ဘက်ရွာကိုလည်း စက်လက်နဲ့ ပစ်သွားတယ်။ ဒဏ်ရာပြင်းတာ ၂ ယောက် ရှိတယ်  လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။

ဒါ့အပြင် မနေ့က (အောက်တိုဘာ ၅) မနက်ပိုင်းမှာ ဆောမြို့နယ် ၊ ကျောက်ထုမြို့၊ ပန်းဆန်ကျေးရွာကို ကျောက်ထုအမြှောက်တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရင်း ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေရော ဒရုန်းဗုံးသီးတွေပါ ပန်းဆန်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်တိုးနဲ့ အသက် ၁၄ နှစ်အရွယ် မခိုင်စုလွင်တို့ သားအမိ ၂ ယောက် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အရပ်သား ၁၄ ယောက်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း အကြောင်းမဲ့လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာနဲ့ သေဆုံးသူအမျိုးသားအား တွေ့ရစဉ် (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

သမ္မတရုပ်ရှင်ရုံအနီးက စစ်​ကောင်စီဂိတ်နဲ့ ရွှေပြည်သာ ၁၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက်ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်မှု ကိုယ်စီလုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့တွေဆီက သိရပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။