ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရားမဝင်လုပ့်သားတွေ ကင်းစင်ရေးစီမံချက်နဲ့ ထိုင်းနိုင်ငံက စီမံချက်တစ်ရပ်နဲ့လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာလုပ်သားတွေက ဖမ်းဆီးခံရမှု အရေအတွက် အများဆုံးဖြစ်နေတယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၅ ရက်နေ့က အောက်တိုဘာ ၂ ရက်နေ့အထိ စီမံချက်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေက တရားမဝင်အလုပ်သမား နှစ်သိန်းရှစ်သောင်းကျော် ကိုဖမ်းဆီးရရှိမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေထဲက ၁၂၈၉ ဦးကို အရေးယူထားတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံတွင်း တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ အလုပ်ရှင်တွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

မြန်မာလုပ်သား အချို့ကို ထိုင်းအစိုးရ ဖမ်းဆီးပြီး ပြန်လည်ပြီး မြန်မာနိုင်ငံကို ပို့ဆောင်ရာမှာလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းခြင်းခံနေရတာတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ စစ်မြေပြင်တစ်နေရာက ပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းဒေသအတွင်း ပြောက်ကျား စစ်မြေပြင် တစ်နေရာက ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။