ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ဥကရစ်ထ စခန်းကို မနေ့က အောက်တိုဘာ ၅ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး စမ်းသပ်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ကျနော်တို့ ဒရုန်းဗုံးသီးစမ်းသပ်တိုင်း သွားကြဲနေတာပေါ့။ ခဏခဏကြဲနေတာ။ အောက်တိုဘာလ ၅ရက်နေ့ ညက ကြဲချတဲ့ဗုံးသီးကတော့ ပြင်းအားပိုကောင်းပြီး အကြမ်းဖက်စစ်သားတွေ စုနေတဲ့နေရာမှာ ကျရောက်ပေါက်ကွဲတယ်။ ထိခိုက်ဒဏ်ရာရရှိသူများပြီး ၄ယောက်သေတယ်လို့ သတင်းကြားရတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်တပ်စခန်းကို မကြာခဏ ဒရုန်းဗုံးသီး ကြဲချနေတာဖြစ်ပြီး အရင်ရက်တွေကလည်း သေဆုံးမှုတွေ ရှိပေမယ့် စစ်ကောင်စီဘက်က သတင်းဖုန်းကွယ်ထားတာဖြစ်တယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်ပြည်နယ် လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းစခန်းကို လေယာဥ်နဲ့ စားနပ်ရိက္ခာ လာရောက်ပို့ဆောင်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက ဥကရစ်ထစခန်းမှာ တိုက်ပွဲဖြစ်နေတာကို လှမ်းမြင်ရပုံ
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

နုတ်ထွက်သွားသည့် တပ်ရင်းများရှိသလို ဝင်ရောက်လိုသည့် တပ်ရင်းများစွာလည်း ရှိနေကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။