ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave Warriors For Myanmar ဆီက သိရပါတယ်။
အောက်တိုဘာ ၅ ရက် ဒီနေ့ မနက်ပိုင်းက တောင်ငူမြို့၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) ဝန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တိုက်ခိုက်ရာ ၄ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။
ရှော့တိုက်ဒုံး ၄ လုံးအောင်မြင်စွာ ပေါက်ကွဲခဲ့လို့ တပခ စခန်းရုံး ခေါင်မိုးပွင့်ကာ စစ်ကောင်စီတပ်က ၃ ယောက်သေပြီး တပ်ရေးဗိုလ်ကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လုံခြုံရေးကင်းတဲကိုလည်း ထိမှန်ခဲ့သလို ကင်းတဲပွင့်ကာ စစ်သား ၂ ယောက်သေကာ နောက်ထပ် အရာရှိနေအိမ်လိုင်းခန်းနဲ့ အရာရှိ ၃ ယောက် ကိုပါ ထပ်ပြီး ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ Brave Warriors For Myanmar က ထုတ်ပြန်ပါတယ်။
“စစ်ရှုံးကောင်စီရဲ့ တပခထဲကို မနက် ၃ နာရီ မိနစ် ၄၀ လောက်မှာ ရှော့တိုက်ဒုံး ၅ လုံးပစ်တာ ၄ လုံးအောင်မြင်ပါတယ်။ စခတွေကလည်း လုံခြုံရေး ပတ်ပတ်လည်ချထားသလို တစ်လမ်းလုံး ဒူးလောက်ရှိတဲ့နုန်းတွေနဲ့ ပစ္စည်းတွေယူပြီး သွားပစ်ခဲ့ရတာဆိုတော့ အတော်လေး ရုန်းခဲ့ရပါတယ်။ ပထမဆုံးတစ်ခါ ၃လုံး အရင်ပစ်တယ်။ ပြီးမှ ၂ လုံးထပ်ပစ်ပါတယ်။ ပထမအ​ဆုံးပစ်တဲ့ ၃ လုံး မှာ အလယ်လုံးက မအောင်ပါဘူး။ နောက်ပစ်တဲ့၂ လုံးကတော့ ၂ လုံးလုံး ထွက်ပါတယ်။ ကျနော်တို့ပစ်ပြီးပြီးချင်း ကင်းထောက်ဒရုန်းက ချက်ချင်းရောက်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကျ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုး ချက်ချင်းမလုပ်ပါဘူး၊ ကျနော်တို့က သူတို့လူတွေကြားထဲမှာ ရောက်နေတယ်ထင်ပြီး ကိုယ့်လူကိုယ်ပြန်ထိမှာစိုးလို့ မပစ်တာ ” လို့ Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က Mission 23 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို တိုက်ရိုက်အမိန့်ပေးကွပ်ကဲနေသလို လက်ရှိမှာ ဒရုန်းအစင်းရေ ၁၀၀ နီးပါးလည်း ရောက်ရှိနေတာကြောင့် တော်လှန်ရေးအဖွဲ့တွေကို ကူညီတဲ့အနေနဲ့ အခုလို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brave Warriors for Myanmar (BWM) က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအသီးသီးက နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာကြီးတွေ ဖြစ်တာကြောင့် အခုလိုတိုက်ခိုက်ပြီး အင်အား ချည့်နဲ့စေတာက chain of command သဘောတရားအရ မြေပြင်လက်ရုံးတပ်ရင်းတပ်ဖွဲ့တွေကိုလည်း အလို အလျောက် အင်အားချည့်နဲ့စေသလို ဒီအတွက် လေတပ်စခန်းတွေနည်းတူ တိုင်းစစ်ဌာနချုပ်တွေကို အထူးပစ်မှတ်ထားပြီး တိုက်ခိုက်နေရတာဖြစ်တယ်လို့လည်း Brave Warriors for Myanmar (BWM) က ဆိုပါတယ်။
ဒါ့အပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး BWM အဖွဲ့လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တွေထဲက ၂၃ ခုမြောက် မစ်ရှင်ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက် မနက်လင်းပိုင်းကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ရှိရာ မန္တလေးနန်းတွင်းထဲကို BWM နဲ့အဖွဲ့တွေ ရှော့တိုက်ဒုံး ၆ လုံးပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

တပခကို တိုက်ခိုက်အပြီး တစ်နေ့တည်းမှာပဲ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ABSDF မှ ရဲဘော်များ လွတ်မြောက်နယ်မြေတစ်နေရာမှ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။