ပဲခူးတိုင်း တောင်ငူမြိုနယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ)ကို ယနေ့ အောက်တိုဘာ ၅ ရက် နံနက်အစောပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

Brave Warriors for Myanmar-BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့၊စစ်တောင်းမြစ်ဝှစ်-ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ Mission 23 အနေနဲ့ ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခဲ့ရာ ၄ လုံးကို အောင်မြင်စွာ ပစ် ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒုံးကျည်များ တပခဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲပြီး တပခစခန်းရုံးခေါင်းမိုးပွင့်ကာ တပ်ရေးဗိုလ်ကြီး ၁ ယောက်ဒဏ်ရာရရှိပြီး ၃ ယောက်သေဆုံးမှု၊ ကင်းတဲပွင်းပြီး စစ်သား ၂ ယောက်သေဆုံးမှုနဲ့ အရာရှိ နေအိမ်လိုင်းခန်းထိမှန်ပြီး အရာရှိ ၃ ယောက်ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ရှုံးအကြမ်းဖက်စစ်တပ်ဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ဟာ ပဲခူတိုင်းနဲ့ ကရင်ပြည် နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး လတ်တလောမှာ ဒရုန်းအစီးရေ ၁၀၀ ကျော် တပခအတွင်း ရောက်ရှိ နေတယ်လို့ ကြားသိရတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေ တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့် ရန်ကုန်မြို့ တစ်နေရာမှာ “We Are Still Under the Military’s Boots”စာတမ်းချိတ်ဆွဲ (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ "We Are Still Under the Military's Boots"စာတမ်းချိတ်ဆွဲပြီး အကြမ်း ဖက်စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force - YRF ထံက သိရပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကွမ်းဆိပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းအား တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို KNLA Nighthawks ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။