ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေ ကော်သူလေး မူတြော်ခရိုင်အတွင်း ဖားဂေါ်လိုးစခန်းမှ ပေါ်ခေးခိုကို တပ်ဆုတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်းသေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ခွဲမှူးပါ သေဆုံးခဲ့ပြီး ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ထားဝယ်မြစ်အတွင်း လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို လောင်းလုံးပကဖရဲဘော်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။
Read More

အိုမကျေးရွာက နေအိမ် ၁၈ လုံးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု အိုမကျေးရွာက နေအိမ် ၁၈ လုံးကို ဝမ်ပေါင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိုမကျေးရွာဒေသခံတွေထံက သိရပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ တန့်ကြည့်တောင်ခြေရင်းရှိ အကြမ်းဖက်စစ်အုပ်စုကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။