ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

တာဝေးပစ်ဗုံးသီးတွေဟာ အကြမ်းဖက်စစ်တပ်သုံး ၈၁ မမ ဗုံးသီးပုံစံမျိုးဖြစ်ပြီး ပေ ၆၀ နဲ့ ပေ ၁၀၀ ကြားပစ်မှတ်ကို ပစ်ခတ်နိုင်ကာ ထိခိုက်မှုကောင်းတဲ့ရလဒ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ထုတ်လုပ်ရေးနည်းပညာအောင်မြင်ခဲ့ပေမယ့် အဆင့်မြင့်တဲ့ လက်နက်ခဲယမ်း၊ ဗုံးသီးနဲ့ တာဝေး ပစ်လက်နက်တွေကို ထုတ်လုပ်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်လှူဒါန်းပေးဖို့ လိုအပ်နေပြီး အာဏာရှင်စစ်တပ်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်ကာ ဆက်လက်ကြိုးစားလုပ် ကိုင်သွားမှာဖြစ်တယ်လို့ တာဝေးပစ်ဗုံးသီးထုတ်လုပ်ရေးအဖွဲ့တွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လယ်ဘူးမြို့ကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ၂ လနီးပါးတိုက်ခိုက်ပြီး အောက်တိုဘာ ၈ ရက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သိမ်ဇရပ်မြို့နယ် စစ်ကောင်စီတပ်စခန်းများကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်ရှိ ၃၁၀ တပ်ရင်းအမြောက်တပ်၊ ဗဟိုကင်းနဲ့ လူပျိုဘားတိုက်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညပိုင်းက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။