အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ရပ်တည်ချက်မှာ ခိုင်မာပြီး မိမိတို့အနေနဲ့ စစ်တပ် ပြင်ဆင်နေတဲ့ အတုအယောင် ရွေး ကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ကန့်ကွက်ကြဖို့ မြန်မာသံအမတ်ကြီးက တိုက်တွန်း တောင်းဆိုထားပါတယ်။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခတွေ ပိုမို ကြာမြင့်စေပြီး တိုက်ခိုက်မှုတွေကိုသာ တိုးပွားစေမယ်လို့ သံအမတ်ကြီးက ပြောဆိုထားပါတယ်။
ဒီမိုကရေစီအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေက အခြေခံကျတာဖြစ်ပေမယ့် အာဏာသိမ်း စစ်တပ် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတပြီး အားလုံး ပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှညမဟုတ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုထားပါတယ်။
လက်ရှိ စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ လူငယ်တွေဟည စစ်အာဏာရှင်စနစ်ဆိုးနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်တွေကို အများဆုံး ခါးစည်းခံနေရသလို မြန်မာနိုင်ငံမှာ လူမှုရေးအကာအကွယ်ပေးရေးအတွက် အာရုံစိုက်ရမယ့်အစား ပြည်သူတွေကို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုရန်စွယ်က အကာအကွယ်ပေးရေး အတွက် ကူညီပေးဖို့သာ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရတယ်လို့ ကုလအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားထားပါတယ်။
အခုလို ပြည်သူများဒုက္ခခံစားနေရတာနဲ့ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းအားလုံးအတွက် အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုတို့ ဖြစ်တာကြောင့် ဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းဖို့ လိုအပ်ပြီး ဒါကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်ချက်တွေ ချမှတ်ကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကကြောင့်လည်း နေရပ်စွန့်ခွာမှု၊ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ပိုမို ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ရှင်းလင်းပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် NUG အစိုးရ သတ်မှတ်၊ ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အားစိုက်ခဲ့ပေမယ့် စစ်ကောင်စီ စိုးမိုးဒေသများမှာ ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် NUG တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်  သတ်မှတ်ကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားလို့ ကိုယ့်ရွာကို ပြန်ရောက်ချိန် နေအိမ် ၁၈ လုံး ပြာကျနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။ 
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။