ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က မယ်ဟန်ဆီ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကွန်ပျူတာတက္ကသိုလ်ရဲ့ အိပ်ဆောင်နဲ့ နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ မယ်ဟန်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ရာ မယ်ဟန် ကွန်ပျူတာတက္ကသိုလ် အနီးတဝိုက် ဗုံးများစွာ ကျရောက်ခဲ့ပြီး တက္ကသိုလ်ရဲ အိပ်ဆောင် အဆောက်အဦးက ပြတင်းပေါက် အများအပြား ကွဲအက်ပျက်စီးသွားသလို အနီးအနားရှိ နေအိမ်အများအပြားလည်း တချိန်တည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်တကြားဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း စစ်ကောင်စီက လားရှိုးမြို့ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေးဘုံကျောင်းကို ဗုံးကြဲချခဲ့ရာ အဲ့ဒီဗုံးကြဲမှုဟာ လူထုကို သေစေတဲ့အပြင် သမိုင်းဝင်နေရာတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို နင်းချေနေပြီး အမျိုးသားယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေ ချိုးနှိမ်စော်ကားကာ ကျူးလွန်တာဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇူလိုင်လက စလို့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ စစ်တပ်က လားရှိုးမြို့ အပါအဝင် စစ်ကင်းလွတ်ရာ အထူးဒေသ ၁ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေဟာ လူနေရပ်ကွက်တွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းတွေ၊ လမ်းတွေနဲ့ အခြားအများပြည်သူပိုင်နေရာတွေအပြင် နေအိမ်တွေ အများအပြား ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
Read More

ကျွန်းစုတွင် လက်နက်များ သယ်ဆောင်လာသည့် စစ်အုပ်စု ကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူနှင့် ရဲ ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။