စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၃ရက်၊ မနေ့က မနက်ပိုင်းမှာ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံထဲ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ လက်နက်ကြီးဟာ မြို့အနောက်ခြမ်း သံသည်ကျေးရွာ လယ်ကွက်ထဲကိုကျရောက်ပြီး ပေါင်းနုတ်နေတဲ့ အမျိုးသမီးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းဆေးရုံထဲကနေ လက်နက်ကြီးနဲ့ ၄ကြိမ်ပစ်တာ။ ၁ကြိမ်မှာ ပေါင်းနုတ်နေတဲ့ အမျိုးသမီးကိုထိပါတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သေဆုံးသူဟာသံသည်ကျေးရွာနေအသက်၃၉နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးဦးခေါင်းကိုလက်နက်ကြီးအစထိမှန်သေဆုံးခဲ့တာလို့လည်းသိရပါတယ်။

အထက်ပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တဲ့ ရေဦးမြို့၊ တိုင်းရင်းဆေးရုံကို ညနေပိုင်းမှာ စစ်ကောင်စီရဲ့ Mi17 ရဟတ်ယာဥ်ဆင်းသက်နေတုန်းမှာပဲရေဦးပကဖနဲ့ခင်ဦးပကဖအဖွဲ့တွေကဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သေးတယ်လို့သိရပါတယ်။

ဒါ့အပြင် ရေဦးဂါဝီနေ  စစ်အုပ်စုတွေကလည်း မြို့အနောက်ခြမ်းကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် မုတ်စီကျေးရွာကို ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

အလားတူ ရေဦးမြို့နယ်မြောက်ဘက်၊ အောင်သာယာ ပျူစခန်းကနေ ကန့်ဘလူမြို့နယ် အနောက်ဘက် ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့ရာ ကျီစုကျေးရွာနေ အရပ်သား၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်နက်ကြီးထိမှန်ခဲ့လို့ သေဆုံးခဲ့တဲ့ အမျိုးသမီး
0 Shares:
You May Also Like
Read More

မြ၀တီမြို့အနီး စစ်ကောင်စီ၏ ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ 
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို PRA Magway ဝင်ရောက် ဖျက်ဆီး

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။