KNU တပ်မဟာ (၅) ထိန်းချုပ်ရာ မူတြော်ခရိုင်အတွင်းမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်သား ၄၇ ဦး သေဆုံးခဲ့ကြောင်း မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်(မူတြော်)ခရိုင်အတွင်းမှာ KNLA-အမှတ် ၅ တပ်မ ဟာ နဲ့အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ကောင်စီကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲများအတွင်း သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ အမြင့်ဆုံးရာထူးတွေဖြစ်တဲ့ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးနှင့် ဒုတပ်ခွဲမှူး ၁ ဦးတို့ပါဝင်ပြီး ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ၁ ဦး ပါဝင်ကြောင်း သိရပါတယ်။
KNU တပ်မဟာ-၅ထိန်းချုပ်ရာ ဒေသအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခြင်း၊ လေကြောင်းကတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရပြီး လူနေအိမ်အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတာပါ။
အထူးသဖြင့် စစ်ကောင်စီက မူတြော်ခရိုင် (ဖာပွန်ဒေသ) ကိုလက်လွှတ်ခဲ့ရပြီးတဲ့နောက် လေကြောင်းက ထိုးစစ်ဆင်မှုတွေ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့အနောက်က စစ်အုပ်စုဂိတ်စခန်းကို အလစ်အငိုက်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး…

မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စီမံချက်အရ BNRA ရဲ့ စစ်ဆေးရေးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့တွေက စီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့ဟု ဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ စစ်ဆေးရးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့ဝင်တွေက စီးနင်းရှင်းလင်းခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။