စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ အကြမ်းဖက်စစ်တပ်တွေထံ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ လေယာဥ်တွေနဲ့ ပို့ပေးတဲ့ ခဲယမ်းကျည်၊ ဗုံးသီးတွေနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့တွေက ရရှိခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေး တပ်ဖွဲ့တပ်ရင်းတွေ စုပေါင်းပြီး ဗျူဟာဖွဲ့စည်းထားတာ။ အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် တော်လှန်နိုင်ဖို့ အခု စစ်ဆင်ရေးစတင်လှုပ်ရှားချိန်မှာပဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပို့ပေးတဲ့ ခဲယမ်း စားနပ်ရိက္ခာတွေ ရခဲ့တာလို့ ဗျူဟာ ၄၂ မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

မြေပြင်ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွါးခဲ့ရတယ်။ အောင်မြင်မှုတွေလည်းရရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေရှိတယ်။ လုံခြုံရေးအရ သတင်းအချက်အလက်တွေကိုတော့ တာဝန်ရှိတဲ့ ၄၂ ဗျူဟာရဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေ ထုတ်ပြန်လာပါလိမ့်မယ်။ ပြောလို့ရတာကတော့ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ သူတို့စစ်သားတွေကိုချပေးတဲ့ ခဲယမ်းဗုံးသီးတွေ၊ ၈၁မမ ဗုံးသီးတွေ၊ RPG ဗုံးသီးတွေ၊ 103 လက်နက်ဗုံးသီးအမျိုးအစားတွေနဲ့ ရှေ့တန်းသုံး ရိက္ခာထုပ်တွေရရှိထားတာရှိတယ်လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ထပ်ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တပ်ရင်းအလိုက် ၃ရင်း၊ ၄ရင်း၊ ၅ရင်း စုပေါင်းကာ ဗျူဟာ ၄၂ အဖြစ် ဖွဲ့စည်းထားတာဖြစ်ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်မှာ စစ်ရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ပထမဆုံးအပတ်မှာပဲ အောင်မြင်မှုတွေ ရရှိနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ထောက်ပံ့ပို့ဆောင်မှုတွေကို တားဆီးနိုင်ခဲ့ကြောင်းနဲ့ သတင်းထုတ်ပြန်မှုတွေ မလုပ်နိုင်သေးပေမယ့် စစ်ရေးပစ်မှတ်တွေကို ထိရောက်စွာ တိုက်ခိုက်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

အကြမ်းဖက်တပ် လေကြောင်းကနေ ပို့ဆောင်ပေးတဲ့ ခဲယမ်း၊ စားနပ်ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိပုံ (ဓာတ်ပုံ)

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်း​က အဆက်မပြတ်ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆို အနောက်ခြမ်းတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံး၊ ၇ ဦး ဒဏ်ရာရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးပြီး ၇ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်က ပြောပါတယ်။