ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်သင်တန်း တက်ရောက်နေသူတွေဟာ သာမန်အရပ်သားတွေမဟုတ်ကြဘဲ အမျိုးသားရေးအစွန်းရောက်တွေ၊ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေ ဖြစ်ကြပြီး သင်တန်းပို့ချနေတာ ၁၄ရက်ခန့် ရှိပြီလို့ သိရပါတယ်။

စစ်သင်တန်းပို့ချနေတာ ပထမဦးဆုံးအပတ်စဥ်ဖြစ်မယ်။ အဲဒီ၂၇၅ တပ်ရင်းထဲမှာက BGF တွေ ခြေချင်းလိမ်နေတာ။ BGF က ယာယီစခန်းချနေတဲ့ပုံရှိတယ်။ တပ်ရင်းထဲကနေ အကြမ်းဖက်စစ်သားတွေ အပြင်ထွက်တာတော့ မတွေ့ရဘူး။ BGF တွေပဲအဝင်အထွက်များတာ။အခုစစ်သင်တန်းပို့ချနေတယ်။

တက်ရောက်သူတွေက မဘသ အစွန်းရောက်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးတွေပဲ တက်ရောက်နေတာလို့ မြဝတီမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

တစ်ခါမှ အခုလိုတပ်ထဲမှာ စစ်သင်တန်းပေးတာမကြားဘူး။ ဘာကြောင့် အခုမှ စစ်သင်တန်းပေးလဲတော့မသိဘူး။ ရွှေကုက္ကိုမြို့သစ်ဘက်မှာတော့ BGF ကနေ ပြန်ဖွဲ့စည်းထားတဲ့ KNA ဆိုတာတော့ ရှိတယ်။ သူတို့ဆီမှာတော့ သူတို့ထဲကို ဝင်လာတဲ့လူသစ်တွေကို သင်တန်းတွေပို့ချတာရှိတယ်။ အခု မြဝတီက ၂၇၅တပ်ကျတော့ စခန်းထဲတောင် ပေါ်ပေါ်တင်တင် မနေရဲတဲ့ကောင်တွေက စစ်သင်တန်းတောင် ပေးနိုင်နေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်

ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ ဧပြီလ ၁၅ရက်နေ့မှာတော့ BGF DKBA ပူးပေါင်းအဖွဲ့တွေက ညှိနှိုင်းကာ ပြန်လည်ရယူသွားခဲ့တာပါ။ အခုတော့ အကြမ်းဖက်စစ်တပ်က ခလရ ၂၇၅ ထဲ ပြန်လည်ဝင်ရောက်ကာ အခုလို စစ်သင်တန်းပို့ချမှုတွေ ရှိနေတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၅ ဗဟိုကင်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကြံ့ခိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲသူအပါ ၇ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး၊ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၉၅ ဦး ရှိပြီ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။