ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့စကားရည်လုပြိုင်ပွဲတစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာစကားရည်လုပြိုင်ပွဲကို ဝက်လက်မြို့နယ် ဗကသက ဦးဆောင်ပြီး စက်တင်ဘာ ၂၈ ၊ ၂၉ ၊ ၃၀ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တာပါ။

နောင်တခေတ် ဗမာပြည်ကို ဦးဆောင်မယ့် ကျောင်းသားလူငယ်တွေကို ပြင်ပဗဟုသုတတွေနဲ့အတူ နိုင်ငံရေးအတွေးအခေါ်တွေ ပိုမိုသိရှိပြီး စကားပြောထက်မြက်တဲ့ ကျောင်းသားလူငယ်တွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး စကားရည်လုပြိုင်ပွဲကို ကြားကာလ ပြည်သူ့အခြေပြုကျောင်းပေါင်း ၂၀ ကျော်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စကားရည်လုပြိုင်ပွဲကို ဝက်လက်မြို့နယ် ဗကသ အလုပ်အမှုဆောင်အဖွဲ့ က ဦးစီးကျင်းပပြုလုပ်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့ က အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ် ပါဝင်ပေးခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ရွှေဘိုခရိုင် အမှတ် ၁ တပ်ရင်း ၊ ရပ်ကျေး/တိုက်နယ် ပကဖ တွေက တာဝန်ယူပေးခဲ့ပြီး နေရာချထားရေးနဲ့ပွဲဖြစ်မြောက်ရေးအတွက် ရပ်ကျေး ပအဖ တွေက ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂဟက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဖြူးမှာ တိုက်ပွဲတွင်း စစ်သုံ့ပန်း ၂ဦးကို အရှင်ဖမ်းမိပေမဲ့ သေနတ်လု ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရဟုဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း စစ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့ပေမယ့် စစ်ဆေးနေစဉ်အတွင်း သေနတ်လု ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်လံတွင် ရွေးကောက်ပွဲအတု ပြုလုပ်ချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်က လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော် (ASU/SAF) က လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းနဲ့ မျှဝေခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် စရဖ တပ်ကို AA သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။