အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။

ဒါဟာ စစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲဆင်နွှဲရာမှာ ရှုံးနိမ့်နေတာကြောင့် ထွက်ပေါက်ရှာနေတာ ဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကဆိုပါတယ်။

လောင်းလုံးမြို့နယ် ပကဖ အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အသက်ရှုပေါက်ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေး ကြေညာလိုက်ပါတယ်။

(ဓာတ်ပုံ LLPDF)
0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဝင်မည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတစ်ဖြစ်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက်ကို NLD ပါတီက ထုတ်ပယ်ကြောင်း ကြေညာ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းလည်း ဖြစ်သူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပယ်လိုက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ််ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အရာရှိအပါ ၂ ယောက် သေ၊ နွေဦးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် အေကေလည်း မြင့်မြတ်စွာကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်​သားတွေကို တော်လှန်ရေးတပ်တွေက ​၂ ကြိမ်တိုင်တိုင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။