အဖြေပေါ်ဖို့ ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေအပြင် မြန်မာအတိုက်အခံအင်အားစုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေပါ၀င်လာခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဆွေးနွေးပွဲဟာ လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် အာဆီယံညီလာခံမတိုင်ခင် အခုရက်ပိုင်းအတွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ရလာဒ်က မြန်မာ့အရေးအတွက် အကောင်းဆုံးတွေဖြစ်လာဖို့ အင်ဒိုနီးရှား အစိုးရအဖွဲ့၀င်တစ်ဦးရဲ့ပြောကြားမှုကို AP သတင်းဌာနကရေးသားဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG နဲ့ NUCC ကတော့ အခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

(ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြ

“China’s Policy Burma’s Mystery!” ၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲကို မေလ ၁၇ ရက် မနေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ကန့်ကွက်

စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သမ္မတအိမ်ပြာတော်ရှေ့မှာ မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
Read More

ဒေသတွင်း နျူကလီးယားကင်းစင်ရေး တရုတ် လက်မှတ်ထိုးမည်ဟု မလေးရှားပြော

အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို စာရွက်စာတမ်းအားလုံး အသင့်ဖြစ်တာနဲ့ တရုတ်ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။