လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ထိုသို့ပြောခဲ့အပြီး ဒီကနေ့စတင်လိုက်တဲ့ အဆိုပါဆွေးနွေးပွဲတွေကိုအင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂကကိုယ်စားလှယ်တွေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုအဖွဲ့ဝင်တွေပါဝင်မှာဖြစ်ကြောင်းအမည်မဖော်လိုတဲ့သံတမန်တဦးကပြောပါတယ်။မြန်မာအာဏာသိမ်းစစ်တပ်ကိုတော့ပါဝင်ဖို့မမျှော်လင့်ထားဘူးလို့လည်းအဆိုပါသံတမန်ကပြောပါတယ်။

၂၀၂၁ခုနှစ်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့သွေးထွက်သံယိုပဋိပက္ခအရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အာဆီယံအနေနဲ့လာအိုမှာလာမဲ့အောက်တိုဘာ၆ရက်ကနေ၁၁ရက်အထိထိပ်သီးအစည်းအဝေးကျင်းပသွားဖို့စီစဉ်ထားတာပါ။အစုအဖွဲ့ရဲ့အစည်းအဝေးအတွင်းမြန်မာအရေးအကျပ်အတည်းကိုအရေးကြီးခေါင်းစဉ်တရပ်အဖြစ်ထည့်သွင်းဆွေနွေးသွားမယ်လို့သိရပါတယ်။

ဒီနေ့ အင်ဒိုနီးရှားမှာ စတင်လိုက်တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အဆိုပါ အစည်းအဝေးဟာ သိုသိုသိပ်သိပ်နဲ့ ကျင်းပနေတာဖြစ်ပြီး၊ အာဆီယံနိုင်ငံများအပြင် အခြားဥရောပနဲ့ နိုင်ငံတကာ သံတမန်များ တက်ရောက်နေတယ်လို့ ကြားသိပေမယ့် မည်သည့်သံတမန်များ တက်ရောက်သည်ကို မသိရှိရကြောင်းနဲ့ တော်လှန်ရေးအင်အားစုများဘက်မှလည်း တက်ရောက်နေသည် ဆိုသည်ကိုသာအတည်ပြုနိုင်ကြောင်း အဆိုပါတော်လှန်ရေးအဖွဲ့များနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားနေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo (ဓာတ်ပုံ AFP)

အာဆီယံဟာ၎င်းရဲ့အဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းဖို့သံတမန်ရေးအရတွန်းအားပေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့တိုးတက်မှုအနည်းငယ်သာဖြစ်ထွန်းခဲ့ပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ပြီးတွေ့ဆုံဆွေးနွေးဖို့အပါအဝင်စစ်ခေါင်းဆောင်ကသဘောတူထားတဲ့အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုစစ်ကောင်စီကလိုက်နာဖော်ဆောင်ဖို့ပျက်ကွက်ခဲ့တဲ့အလျောက်မြန်မာစစ်ခေါင်းဆောင်တွေကိုအာဆီယံရဲ့အဆင့်အမြင့်အစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

မြန်မာအရေးပြဿနာနဲ့ပတ်သက်ပြီး အစုအဖွဲ့ရဲ့ ယခင်အစည်းအဝေးတွေအတွင်း အဖွဲ့ဝင်အတွေအကြား သဘောထားမညီညွတ်မှုတွေရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က အာဏာသိမ်းခေါင်းဆောင်တွေကို ပြင်းထန်စွာအရေးယူဖို့ တောင်းဆိုထားကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” (PDF) တွေကို မြန်မာစစ်တပ်က မြေပြင်စစ်မျက်နှာတွေမှာ မရှုမလှ ရှံးနိမ့်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး သံတမန်ရေး တွန်းအားပေးမှု ထွက်ပေါ်လာတာပါ။ သုံးနှစ်ကျော်ကြာ စစ်ပွဲတွေအတွင်း လူပေါင်း သုံးသန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

ကိုးကား – AFP

0 Shares:
You May Also Like
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်နေတဲ့ စစ်ကောင်စီကို ကုလနဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်နေဆဲလား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။