မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ယောက်သေဆုံးပြီး ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်၊ဆိုင်ကယ် ၂စီး သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်မှ စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက တွင်းမပျူ စခန်းကနေ တပ်မ ၁၀၁ သို့ အင်အား ၂၅၀ နဲ့ ထွက်လာကြတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အင်းဘတ်နဲ့ မကျီးတန်းကြားတစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ နင်းမိုင်း ၂ လုံး နင်းမိပြီး ၅ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KammaDefenceForce(KMDF) အဖွဲ့ထံက သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးတပ်တွေက မိုင်းထောင်ထားတဲ့ နေရာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်နဲ့ ဆိုင်ကယ် ၂စီးကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KMDF၊မြိုင်ပကဖ၊ BLY ပြောက်ကြားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” (ရုပ်/သံ)

အထူးကွန်မန်ဒိုတပ်ရင်း (P29914) ကနေ “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” “ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” သိန်း ၃၀၀၀ CPPS Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
Read More

ပုသိမ်မြို့နယ် ဘူတာစျေး စားသောက်ဆိုင်တန်း မီးလောင်မှု (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် ဝဏ္ဏသိဂီလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကာကင်းစခန်းကို KIA တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီလမ်း စင်ကြိုင်ကျေးရွာအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်ကာကင်းစခန်းကို ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာ KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။