ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့ စိန်သရဖူအမည်ရှိ အနှိပ်ခန်းမှာ ရဲ ၂ယောကိ အချင်းများရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
“သန်းခေါင်းစာရင်းကောက်ဖို့ အဖွဲ့တွေတောင် အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတော့ သန်းခေါင်စာရင်း ကောက်ဖို့ အစီအစဉ်တောင် ပျက်သွားကြတယ်။ သေတာက စံရွေးစခန်းက ရဲအုပ်၊ စခန်းမှူးပေါ့၊ သာယာဝတီက ရဲကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့လိုက်ရတယ်။” လို့ သာယာဝတီမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
စကားများ ရန်ဖြစ် ပစ်ခတ်ကြတဲ့ ရဲ ၂ယောက်မှာ ၁ယောက်က စံရွေးရဲစခန်းက ရဲအုပ်ဖြစ်ပြီး နောက်ထပ် ၁ယောက်ကတော့ သာယာဝတီရဲစခန်းက ရဲဖြစ်ကာ ပစ်ခတ်မှုမှာတော့ စံရွေးရဲစခန်းက ရဲအုပ်ဖြစ်သူ သေနတ်ထိမှန်ကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)

0 Shares:
You May Also Like
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရွှေဘိုအနောက်ခြမ်း တည်ပင်ရွာကို စစ်ကောင်စီအထိုင်တပ်မှ ဟောင်ဝစ်ဇာများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းသား ကလေးငယ်၁ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဗျတ္တက မောင်းကို ပြောပါတယ်။