စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်တိုက်ပွဲအတွင်း ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃၃)ယောက်သေပြီး ဗိုလ်ကြီး၂ယောက်အပါ စစ်သုံ့ပန်း (၄၃) ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်​။
စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းက ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်မြို့ကို ထွက်ခွာလာတဲ့ ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉ နဲ့ နမခ တိုင်းလက်အောက်ခံတပ်တွေ အင်အား ၈၅ယောက်ပါ အကြမ်းဖက်စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို ဗိုလ်မှူး ကျော်တင့် (ခမရ-၁၀၆) က ဦးဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဟာ နေ့လည်ပိုင်းကနေ ညနေအထိ အချိန်၅နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကသေဆုံးအလောင်းရသူ (၃၃)ယောက်အထိရှိခဲ့ပြီးဗိုလ်ကြီး ၂ယောက်အပါ (၄၃)ယောက် လက်နက်ချအညံ့ခံတာကြောင့် အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ (၅၆) လက်နဲ့ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။
ဘုတလင်မြို့နယ်မှာ စစ်အုပ်စုတွေအထိုင်ချတပ်စွဲထားတဲ့ ကူတော်ရွာကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၂၀ရက်နေ့ကစလို့ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့ပြီး စစ်အုပ်စုဘက်က လေကြောင်းပစ်ကူတွေရော အထက်ပါ ဗိုလ်မှူးကျော်တင့် ဦးဆောင်တဲ့ တပ်ရင်းတွေကပါ စစ်ကူပေးခဲ့တာဖြစ်ပါတယ်။
“ကူတော်ရွာက ရဲကင်းကိုသိမ်းဖို့လုပ်ခဲ့တာ ၃လနီးပါး ရှိပါပြီ။ စစ်ကြောင်းကိုကြားဖြတ်တိုက်တော့ ဖမ်းမိတဲ့သူတွေ၊ သေတဲ့သူတွေအပြင် ထွက်ပြေးသွားတာတွေလည်း ၇ယောက်လောက်ရှိတယ်။ ပြီးတော့ အဲ့စစ်ကြောင်းကို မတိုက်ခင်ရက်တွေ​က ကျနော်တို့နဲ့ထိတွေ့မှုဖြစ်ပါသေးတယ်။ အဲ့မှာစစ်သား၃ယောက် အရှင်ဖမ်းမိပါတယ်။ အားလုံးဆုတ်သွားတဲ့အချိန် ဆေးသုံးရင်းကျန်နေခဲ့လို့ဖမ်းမိတာပါ။ ဆေးသုံးထားတဲ့ပစ္စည်းတွေလည်း တွေ့ပါတယ်။ အရှင်မိထားတဲ့ကောင်တွေထဲ မသုံးရမနေနိုင်တော့မပါဘူး။ သေတဲ့ထဲတော့ ပါချင်လည်းပါလိမ့်မယ်။ အခုတော့ သူတို့ရဲ့ဘီလူးစစ်ကြောင်းကို တပ်ပေါင်းစုရဲ့ စည်းလုံးမှုအင်အားနဲ့ ချေမှုန်းနိုင်ခဲ့ပါတယ်” လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က မောင်းကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၂၃ရက် မနက်ပိုင်းကလည်း ကူတော်ရွာနဲ့ အနီးဆုံးဖြစ်တဲ့ ကတိုးရွာကို ဝင်ရောက်မီးရှို့ရင်း ရွာသား ၃ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။