ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သန်းခေါင်စာရင်းကောက်ခံနေတဲ့ ဒေသတွေဟာ နေပြည်တော်
ကောင်စီ၊ စစ်ကိုင်းတိုင်းအနေနဲ့ နာဂကိုယ်တိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း တို့သာ ပါဝင်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းထဲမှာ တော်လှန်ရေး အားကောင်းရာ ဒေသတွေဖြစ်တဲ့ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည်၊ မကွေးနဲ့ မန္တလေးတိုင်းတို့ မပါဝင်လာပါဘူး။
“တခြားနေရာတွေမှာ ကောက်နေသလိုပါပဲ၊ ပဲခူးတိုင်းထဲ စကောက်နေပြီ… တစ်ခုရှိတာက သူတို့က မြို့ပေါ်နဲ့ မြို့နားနီးတဲ့ ရွာတွေလောက်ပဲ ကောက်လို့ရတာပါ။ မြို့နဲ့ လှမ်းတဲ့နေရာတွေကို မရောက်သေးပါဘူး။ မြို့ထဲကောက်တာတောင် စစ်အင်အားတွေ ကာပြီးတော့မှ ထွက်တာပါ။ ဒီပုံစံအတိုင်းဆို ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်မယ့် အနေအထားမရှိပါဘူး။ တပ်မဟာ ၂နဲ့ ၃ အစပ်နေရာတွေဆို ပိုပြီးကောက်လို့ မရနိုင်လောက်ပါဘူး။ သေချာတာကတော့ ပဲခူတိုင်းထဲမှာ မြို့ပေါ်တွေကလွဲ ကျန်နေရာတွေ ကောက်လို့မရနိုင်ပါဘူး။” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။
စစ်ကောင်စီဟာ အခုလို သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာ ၁ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း လိုက်လံကောက်ခံသွားမယ်လို့ တရားဝင် ကြေညာထားတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro SAC
0 Shares:
You May Also Like
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးများ စုဖွဲ့မှုကောင်းကောင်းနှင့် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ဗျူဟာ အမှတ် (၁၉) စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အ​​​​ခြေချရာ နေပြည်တော်အထိ ထိုးဖောက်နိုင်ဖို့ အပါအဝင် စစ်တောင်းမြစ်ဝှမ်း​ဒေသ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်တိုင်းစစ်ဌာနက ဗျူဟာအမှတ် (၁၉) ကို တပ်ရင်း ၄ ရင်းနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း Nay Pyi Taw PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။