အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စား ပြည်သူတွေကို ကိုယ်စားပြုတဲ့ NUG ကိုသာ တက်ရောက်ခွင့်ပြုဖို့ ပူးတွဲတောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး အာဆီယံက ဒေသတွင်း ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံ အစည်းအဝေးပေါင်း ၅၀၀ ကျော်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင် အစည်းအဝေးပေါင်း ၅၀၀ကျော်ထဲက စစ်အုပ်စုရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ ၀န်ကြီးအဆင့်အစည်းအဝေး ၂၀ ကျော်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

စစ်အုပ်စု တက်ရောက်ခွင့်ရရှိခဲ့တဲ့ အစည်းအဝေးတွေဟာ ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်း စတဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်ရရှိခဲ့တာပါ။

ဒါကြောင့်နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်အား ဖိတ်ကြားတဲ့ ဆုံးဖြတ်ချက်ဟာ အဆင့်မြင့်အစည်းအဝေးတွေဆီ စစ်အုပ်စုကိုယ်စားလှယ်ကို စေလွှတ်ခွင့်ပေးခြင်းဖြစ်လို့ အာဆီယံဟာ စစ်အုပ်စုကို နိုင်ငံရေးအရတရား၀င်မှု ပေးအပ်နေခြင်းဖြစ်တာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်နှင့်ပြီးဖြစ်မှာကို စိုးရိမ်ကြောင်း ကိုထိန်လင်း ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျန်းမာရေးမကောင်းသူ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်နဲ့ အဆက်အသွယ်တွေ မရတော့တဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino ကို အီတလီနိုင်ငံ ၊ ရောမမြို့က လွှတ်တော်အဆောက်အဦးဧည့်ခန်းမမှာ အောက်တိုဘာ (၁၈ )ရက် ဒီနေ့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။