ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့ရပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့ကို ပြန်မယ့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနဲ့အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်) BMT(ဘုတလင်မိုဘိုင်းလ်တီးမ်) FRF ၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆) ‌‌PLA (ပြည်သူ့လွတ်မြောက်ရေးတပ်) BLDF၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ ဒီပဲယင်း ပကဖ‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း() Golden Brothers Local၊ အရာတော်နဲ့ မိတ္ထီလာ ဒရုန်းအဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့၊ 96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့နဲ့ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

TNLA ရဲမေတွေရဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှု… (ဓာတ်ပုံသတင်း)

နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံ တကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရဲမေတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုင်းအဆင့်ရဲမှူးပါ ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ ကား ၁စီး ပျက်စီးကာ ကျန်တဲ့ကား ၃ စီးဖြင့် ဒဏ်ရာရသူများကို တင်ဆောင်ထွက်ပြေးသွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက်ဆီ မောင်းနှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) ထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။