ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ခွဲထွက်လာခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းအနီးမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းဆောက်နေတာလို့ သိရပါတယ်။

“KNU တပ်ဖွဲ့ကလည်း လက်မခံဘူး။ ဒေသခံတွေကလည်း လက်မခံဘူး။ အကြိမ်ကြိမ် အငြင်းပွားနေကြတာကို စက်တင်ဘာလ ပထမအပတ်ကတည်းက DKBA တပ်ဖွဲ့ဝင်တွေက စခန်းအသစ်လာဆောက်နေတာ။ စက်တင်ဘာလ ၂၉ ရက်နေ့ညမှာ KNU တပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကနေ ပထမဦးဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးသီး၁လုံးချပြီး သတိပေးခြင်းခံရတာဖြစ်တယ်လို့ ဝင်းဒရယ်ကျေးရွာမှာနေတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဝင်းဒရယ်ကျေးရွာဟာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ကရင်အချင်းချင်း တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

DKBA ကနေ ခွဲထွက်ထားတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တပ်ဖွဲ့ရဲ့ စခန်းသစ် တည်ဆောက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က လက်ခံပေးလို့မရကြောင်း ပြောဆိုထားပြီး ဗိုလ်ဘိကလည်း ရွာသားတွေ လက်မခံသည့်တိုင်အောင် အဲဒီတပ်စခန်းကို ဆက်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ဂိတ်က လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်နဲ့ ဇနီးဖြစ်သူကို ကျိုက်ထို ပကဖ က KNU ဆီ အပ်နှံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်မြို့ရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်း လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်နဲ့ ဇနီးဖြစ်သူတို့ကို ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ဆီ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပကဖ က အောက်တိုဘာလ (၂၄) ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ စစ်သား ၈၈ ယောက် သေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU - ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းဖို့ တိုက်ပွဲများ ရပ်တန့်ပေးကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်း 

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ငါ့သရောက်တွင် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး ၇၀ ကျော် သေကာ စစ်ကြောင်းလိုက် ပြုတ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၇၄ ယောက်အထိ သေဆုံးပြီး စစ်ကြောင်းပျက်စီးသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်းက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။