မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ မြိုင်မြို့မရဲစခန်းထဲ တာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး ဦးအောင်ကိုဟာ ကျည် ၁၂၅ တောင့်ပါ G3 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်ဘောက် ၂ ဘောက်တို့ကို ယူဆောင်ပြီး ဇနီးဖြစ်သူနဲ့အတူ မြိုင်ပကဖထံ ချိတ်ဆက်အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားကြောင်းနဲ့ ထိုက်သင့်တဲ့ချီးမြှင့်မှုတွေ လုပ်ဆောင်ရင်း နေရပ်ပို့ဆောင်ရေးအတွက် စီစဥ်ထားရှိတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ကမ္မမြို့နယ်တွေမှာ မြို့နယ်ရဲစခန်းတွေက စစ်အုပ်စုတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခုနှစ်ထဲ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူတွေ ပိုပိုများလာပါတယ်။

အဲဒီထဲကမှ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ရဲတစ်ယောက်ကို ပစ်သတ်ပြီး အလင်းဝင်လာတဲ့ ပျူစောထီး ၂ ယောက်အပါအဝင် ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့လည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

ဓာတ်ပုံမြိုင်ပကဖထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ရဲတပ်ကြပ်နဲ့ ဇနီး

0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်ကိုထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို တရုတ်ကပြန်လည်လွှဲပြောင်း

KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ တအာင်း(ပလောင်) အမျိုးသားပါတီ တရားဝင် ကန့်ကွက်

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံး၀အသိအမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘူးလို့ တအာင်း (ပလောင်) အမျိုးသားပါတီက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်း မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပြုလုပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ထောင်ပိုင်အရာရှိတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။