စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ () ယောက် သေဆုံးခဲ့ပြီး () ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ သေဆုံးသူတွေက အမျိုးသမီး () ယောက်နဲ့ အမျိုးသား() ယောက် ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကလေးငယ် () ယောက်နဲ့ အမျိုးသမီး () ယောက်တို့ ဖြစ်သလို ထိခိုက်ဒဏ်ရာသူထဲက အမျိုးသမီး() ယောက်ကတော့ ညာခြေကျင်းဝတ် ဖြတ်တောက်ထားရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လောင်စာဆီ (၉၆) လုံး၊ ဆိုင်ကယ်(၁၂) စီး၊ ဆီသယ်ကားကြီး () စီး၊ လူစီးကား () စီး၊  တွင်စက်မှုလက်မှု အလုပ်ရုံက မီးစက် ဒိုင်နမို ()လုံး၊ စာစီစာရိုက် ကွန်ပျူတာ ပစ္စည်းအစုံ နဲ့ စားသောက် ကုန်စုံဆိုင်စတာတွေ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း (၃၀၀၀) ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးတည်းဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေက်ု အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံးတွေ ကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် မူးဝေအော့အန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

သပိတ်ကျင်းမှာ အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီ​နေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို MNDAA စွန့်ခွာဖို့ ပြင်ဆင်နေ၊ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ခဲ့တဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေပြီး အကြမ်းဖက်စစ်ကောင်စီက တရုတ်အကူအညီနဲ့ ပြန်လည်နေရာယူ ဝင်ရောက်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း လားရှိုးမြို့ခံတွေဆီက သိရပါတယ်။