ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ခွဲထွက်လာခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းအနီးမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းဆောက်နေတာလို့ သိရပါတယ်။

“KNU တပ်ဖွဲ့ကလည်း လက်မခံဘူး။ ဒေသခံတွေကလည်း လက်မခံဘူး။ အကြိမ်ကြိမ် အငြင်းပွားနေကြတာကို စက်တင်ဘာလ ပထမအပတ်ကတည်းက DKBA တပ်ဖွဲ့ဝင်တွေက စခန်းအသစ်လာဆောက်နေတာ။ စက်တင်ဘာလ ၂၉ ရက်နေ့ညမှာ KNU တပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကနေ ပထမဦးဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးသီး၁လုံးချပြီး သတိပေးခြင်းခံရတာဖြစ်တယ်လို့ ဝင်းဒရယ်ကျေးရွာမှာနေတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဝင်းဒရယ်ကျေးရွာဟာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ကရင်အချင်းချင်း တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

DKBA ကနေ ခွဲထွက်ထားတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တပ်ဖွဲ့ရဲ့ စခန်းသစ် တည်ဆောက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က လက်ခံပေးလို့မရကြောင်း ပြောဆိုထားပြီး ဗိုလ်ဘိကလည်း ရွာသားတွေ လက်မခံသည့်တိုင်အောင် အဲဒီတပ်စခန်းကို ဆက်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

ဟန်ပြအပစ်ရပ်ထားသည့် စစ်ကောင်စီတပ် မေလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။