ရှမ်းပြည်မြောက်ပိုင်း လားရှိးမြို့ မန်နားကျေးရွာကို စက်တင်ဘာ ၃၀ ရက် ညပိုင်းအချိန်က အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူထဲက ၃ ယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ရှိပြီဖြစ်ပြီး အရပ်သားပြည်သူ ၃ယောက်သေဆုံးကာ ၃၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ် သံပြားကာယာဉ် ၂ စီးကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၂ စီးကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ဒီမနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။